Monday, November 26, 2007

Poor and King

သူဆင်းရဲနှင့်ရှင်ဘုရင်

ကျွန်တော်ဒီနေ့ ထိုင်းနိုင်ငံထုတ်သတင်းစာတစ်ဆောင်ဖတ်မိပါတယ်။

အသက် ၁၂ အရွယ် Chartee ဆိုတဲ့ အလွန်မင်း ဆင်းရဲတဲ့ ခလေးငယ်တစ်ဦးက

ထိုင်းဘုရင်ကြီးဆီထံ သြဂုတ်လ ၁၀ ရက် နေ့စွဲနဲ့ စာရေးပို့ ပါတယ်။

စာမှာပါတာကတော့ဒီလိုပါ၊

“တိုင်းပြည်ရဲ့ဖခင်ကြီးသို့…. ကျွန်တော်ညတိုင်းဘဲခြံစောင့်ပါတယ်၊တစ်ည ဘတ် ၄၀

ရပါသည်။ ဘဲခြံမစောင့်ပါက ဆန်အိတ် မနက် ၈ နာရီ မှ ည ၅ နာရီ ထမ်းပါသည်။

တစ်ရက် ဘတ် ၅၀ ရပါသည်။ ဒီအလုပ်များမရှိက မွေ နဲ့ ဖား ည မှာ ရှာဖမ်းရပါသည်။

ဒီလိုရှာဖမ်းမရက ဘုန်းတော် ကြီး ဘွန်လ ထံအကူညီတောင်းခံရပါသည်။ ဒီလိုနေ့စဉ်

လုပ်နေရသည်မှာ ကျွန်တော်တို့မိသားစုအလွန်အမင်းဆင်းရဲ မွဲတေလို့ဖြစ်ပါသည်။

အိမ်နဲ့ ပညာရေး ကိုအရမ်းလိုအပ်ပါသည်။ ကျွန်တော်တို့မောင်နှစ်မတွေ ပညာတတ်လို

ပြီးမိဘကိုကျေးဇူးဆပ်လိုပါသည်။ ရှင်ဘုရင်ကြီး ကူညီပါ။”

ရှင်ဘုရင် လည်း မြို့တော်ဝန်ကိုသွားစစ်ဆေး စေတော့ ဖခင်က နေ့စားအလုပ်သမား၊

မိခင်ကစိတ်ဝေဒနာသည်၊ အမက ၆ တန်း၊ ညီက ၃ တန်း၊ အိုးတစ်လုံး ဒယ်တစ်ခု၊

ဆား တစ်ဘူး၊ ခြင်တောင်စုတ် နဲ့ စောင်စုတ် ၂ ထယ် ကို တဲအိုထဲမှာတွေ့ ရသတဲ့။

ဒါ နဲ့ ဘဲ ရှင်ဘုရင်ကြီး အိမ်တစ်လုံးဆောက်ပေးပြီး ပညာသင်ဆုတွေကိုပေးပါတယ်၊

ဖခင် လဲကောင်းတဲ့အလုပ်ရသွားပါတယ်။

ကဲ မြန်မာပြည်က လူဝင်စား သာလွန်မင်းတရားကြီးကရော၊ ဘယ်လို လုပ်ပေး

ပါမလဲဗျာ………………








4 comments:

ထွန်း said...

သာလွန်မင်းကြီး လိပ်စာသိဖို့  လိုတယ်။ စာရောက်တယ်ဆိုရင်တောင် ဆင်ဆာမဖြတ်ပို့ လိုတယ် မင်းကြီးဖတ်ပြီးလို့ လာစစ်တော့မယ် ဆိုရင် ကိုယ့်အိမ်မှာ ကိုယ်တဦးတည်း ရှောင်နေလို့ မရဘူး တော်ကြာ မိဘ၂ပါးနဲ့ အမတွေညီမတွေ ခေါ်သွားပြီး လူတယောက် ၁သိန်းနဲ့ လိုက်ရွေး နေရအုန်းမယ်။ ဒါမြန်မာပြည်

မြရွက်ဝေ said...

မြန်မာပြည်မှ လူဝင်စားသာလွန်မင်းကြီးမှာ ယခင်ဘဝကုသိုလ်ကြောင့် ဒီဘဝ မြင်း အဲ မင်းလာဖြစ်သော်လည်း အကုသိုလ်ကံပါလာသောကြောင့် မျက်စေ့နှင့် နား မရှိပါ။ ထို့ကြောင့် မမြင်ပါ၊ မကြားပါ၊ ဘယ်လိုမှလုပ်မပေးပါ။ :(

Red's Rose Dream said...

မောင်းလေးရဲ့ ကာယကံ၊ ၀စီကံ၊ မနောကံ
ကံသုံးပါးနဲ့ မပစ်မှားရဘူးကွယ့်။
ငရဲကြီးတက်တယ်။
လိမ်လိမ်မာမာနေနော်။
လိုချင်ရင်ပြော မယ်ထွေးလေးကျန်သေးတယ်။ :P

ထွန်း said...

ပထမရေးတဲ့ စာ အမှားပြင်ဆင်ချက်ပါ၊ သာလွန်မင်းလို့ မဖတ်ရပါ ...

သမလွန်မင်းတြားကြီး လို့ ဖတ်ရပါမယ်။