Sunday, November 25, 2007

Six houses in two weeks

နှစ်ပါတ်အတွင်းဆောက်သောအိမ်

ကျွန်တော်နေထိုင်သောအိမ်နှင့် မဝေးသောနေရာတွင် မြေကွက်များ ရှင်းလင်းနေသဖြင့်

တနေ့ သွားကြည့် မိပါသည်။ အိမ်ဆောက်ရန် ပြင်ဆင်နေပါသည်။

ဖေါင်ဒေးရှင်း များချရန် ပြင်ဆင်နေပါသည်။ ၆ လုံးတွဲ၊ ၂ ထပ်အိမ်များ ဖြစ် ပါသည်။

မြေအောက်ထပ်ပါ ထဲ့တွက်ပါက ၃ ထပ် ဖြစ်ပါသည်။ တစ်အိမ်လျှင် ၁၀၈၀ စတုရန်းပေ

ကျယ်ဝန်းပါသည်။ အပေါ်ဆုံးက Master bedroom ၂ ခန်း၊ မြေညီထပ်က ဧည့်ခန်း

မီးဖို တို့ ဖြစ်ပါတယ်။

အိမ်ကို ဘလောက်တုံးများ ပုံစံ Ohio State မှာ စက်ရုံထဲ မှာဆောက်လာပြီး ဒီ

Pennsylvania State မှာ လာ တည် တာ ပါ။ လော်လီ ကားကြီး နဲ့ သယ်လာပါတယ်။

ဥပမာ၊ Texas State ဟာ မြန်မာ ပြည် လောက် ကျယ် ပါတယ်။

ထူးဆန်းတာက အိမ် အားလုံးကို ၂ ပါတ် အတွင်း အပြီးဆောက်တာပါ။

တစ်အိမ် ကို ဒေါ်လာ ၁၃၉,၀၀၀ ဖြင့် လွတ်လပ် စွာဝယ် ယူနိုင် ပါတယ် ဗျာ။

ဒါ ဟာ အခြေခံ လူတန်းစား တွေအတွက်ပါ၊ နှစ် ၃၀ ငွေချေး စနစ် ဖြင့် ဝယ်

ယူနိုင်ပါတယ်။

ကဲ ဘက်စုံ ဖွံ့ ဖြိုးတိုး တက်အောင်တည်ဆောက် နေပါ တယ်ဆိုတဲ့ မြန်မာပြည်က

နအဖ က အခြေခံ လူတန်းစား တွေ အတွက် ဘယ်လိုများစီစဉ်

ဆောက်လုပ်ထား ပါလိမ့်နော်………………




No comments: