Friday, December 7, 2007

Daw Aung San Suu Kyi Film Making

ဒီဇင်ဘာလ ရက်၊ ၂၀၀၇ ခုနှစ်။

(မိုင်းနိချိ သတင်း)

ဒေါ်အောင်ဆန်းစုကြည်၏ ဘဝသရုပ်ဖေါ်ရုပ်ရှင် နောင်နှစ်ဆောင်းဦး ရုံတင်ရန်…

ဒေါ်စု ရဲ့ဘဝသရုပ်ဖေါ် ရုပ်ရှင်ကားတစ်ခုကို Los Angeles မှာနေတဲ့ ဂျပန် လူမျိုး ပရိုဂျုဆာ Naofumi Okamoto (အသက် ၆၀ နှစ်) က စီစဉ် ထုတ်လုပ်နေပါတယ်။ သူဟာ ၂၀၀၂ ခုနှစ် ဂျွန်လမှာ ဒေါ်စု နေအိမ်အကျယ်ချုပ်က ဒုတိယအကြိမ် မြောက် လွတ်လာစဉ်က တွေ့ဆုံခဲ့ ပါတယ်။ ဒေါ်စုကို ခွင့်တောင်းတော့ သူမ မရှိတော့တဲ့ နောက်ပိုင်းမှ ရိုက်ဖို့ ပြောခဲ့ပါသည်။ သို့သော်လည်း အကြိမ်ကြိမ် ခွင့်တောင်းခဲ့သဖြင့် နောက်ဆုံးတွင် ခွင့်ပြုခဲ့ပါသည်။

မိခင်ဘဝ၊ ဇနီးသည် ဘဝ တို့ကိုစွန့်လွတ်ပြီး တိုင်းပြည်ရဲ့မိခင်ဘဝ (ဗမာပြည်ရဲ့မိခင်ဘဝ) ကို ရွေးချယ်ခဲ့တဲ့ဒေါ်စုကိုလေးစားမိတာရယ်၊ တံခါးပိတ်ထားတဲ့မြန်မာနိုင်ငံထဲမှာ ဖြစ်ပျက်နေတာတွေကို ကမ္ဘာကသိစေချင်တာရယ်ကြောင့် ပါလို့ Naofumi ကပြောပါတယ်။

ဒါရိုက်တာကတော့ Nuovo Cinema Paradiso ဇတ်ကားဖြင့် Academy Award for Best Foreign Language Film ဆုကို ရထားတဲ့ နာမည်ကျော် ဒါရိုက်တာ အီတလီ နိုင်ငံသား Giuseppe Tornatore (အသက် ၅၁ နှစ်) ကရိုက်ကူး နေတာ ဖြစ်ပြီး နောင်ဆောင်ဦးမှာ ရုံတင်ရန် အားစိုက် ကျိုးစား နေပါတယ်။







Director Giuseppe Tornatore








Read More...